Our Latest News

           U2V BLOG
 
              INFO PACK
 
              AFFILIATE
 
             FEEDBACK
 
            DISCUSSION
 

newsletter signup

 

Enter your E-mail below

 
   
 
    
 
 
     
     
     
     
     
 
 
  Cyclone Nargis Appeal
Cyclone Nargis ကြောင့် ဘေးဒုက္ခရောက်နေသော မြန်မာပြည်သူများကို ကူညီရန်အတွက် အလှူငွေပါဝင် ထည့်လိုသူများ သာသနာ့ဥသျှောင် အဖွဲ့ဝင် ဆရာတော်ဦးစန္ဒောဘာသ (လန်ဒန်ဝိဟာရကျောင်း၊ Wembley)၏ ဘဏ်စာရင်း တွင် ထည့်သွင်းလှူဒါန်းနိုင်ပါသည်။
ငွေစာရင်းများဖြစ်သော မည်မျှရသည်၊ မည်မျှသုံးသည်ဆိုသော အချက်အလက်များကို ဖေါ်ပြနိုင်ရန်နှင့် မုန်တိုင်း အကူအညီ ပေးရေး သတင်းအချက်အလက်များအတွက် သီးသန့် ဘလော့ အဖြစ် www.freeburmafunduk.blogspot.com တွင် မကြာမီ ကြည့်ရှုနိုင်ကြမည် ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များမှာ...

For bank transfers...
Bank Name: Barclays
Account Holder Name: Mr A Candobhasa
Sort Code: 20-80-71
Account No.: 9000 2836
Reference: Cyclone
ဖြင့် လှူဒါန်းလိုသူများအတွက်...
PayPal: ashinucandobhasa@yahoo.co.uk

ဆရာတော် အားတိုက်ရိုက် ဆက်သွယ်လိုလျှင်...
Mobile: 07877 297 205
Email: ashinucandobhasa@yahoo.co.uk
  What's on
  Vote NO Campaign and Second Seminar of U2V Process
  Date: 26 April (Saturday)
  Time: 09:00 to 17:00
  Venue: London Road Building, South Bank University
- အပြည့်အစုံသို့  

  Referendum Special   (ဆန္ဒခံယူပွဲအကြောင်း စုစည်းတင်ပြချက်)
လန်ဒန်ရှိ မြန်မာသံရုံးသို့ April 27 (Sunday) မှာ မဲသွားထည့်ကြစို့
Coming Sunday: အချိန်ကတော့ မနက် ၉-နာရီမှ ညနေ ၅-နာရီအတွင်း ဖြစ်ပါတယ်။
- အပြည့်အစုံသို့  

ဝါရှင်တန်ဒီစီတွင် ဆန္ဒခံယူပွဲ ကြိုတင်မဲပေး
RFA | Apr 25 အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်က မြန်မာသံရုံးမှာ ဧပြီလ ၂၅-ရက်နေ့မှ ၂၇-ရက်နေ့အထိ စစ်အစိုးရရဲ့ အခြေခံဥပဒေမူကြမ်းအပေါ် ဆန္ဒခံယူပွဲအတွက် ကြိုတင်မဲပေးနေကြပြီ ဖြစ်ပါတယ်။ - အပြည့်အစုံသို့

စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှာ လူထုဆန္ဒခံယူပွဲ ကြိုတင်မဲ စတင်ကောက်ယူ
VOA | Apr 25 စင်ကာပူနိုင်ငံ မြန်မာသံရုံးမှာတော့ ဒီကနေ့ကစလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြိုတင် ဆန္ဒမဲကောက်ခံမှုတွေ စတင်လုပ်ဆောင်နေပါပြီ။ ဒါပေမယ့်လို့ မဲထည့်ဖို့ သွားကြသူအချို့ဟာ မြန်မာနိုင်ငံသားလက်မှတ် နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ပြီး သံရုံးအခွန်လည်း ဆောင်ထားကြပေမယ့်လို့ မဲပေးရမယ့် စာရင်းထဲ မပါလို့ မဲမပေးရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ - အပြည့်အစုံသို့

မဲပေးချိန် စင်ကာပူရှိ မြန်မာသံရုံး လုပ်ငန်းများ နားမည်
Mizzima | Apr 25 ဧပြီ ၂၅ ရက်မှ ၂၉ ရက်အထိ သံရုံးတွင် မြန်မာနိုင်ငံသားများထံမှ ဆန္ဒမဲ ကောက်ခံခြင်း လုပ်ဆောင်မည် ဖြစ်သည့်အတွက် မြန်မာပြည်သို့ အလည်အပတ် သွားရောက်လိုသူများ ဗီဇာလျှောက်ခြင်းနှင့် မြန်မာနိုင်ငံသားများ ပတ်စ်ပို့ သက်တမ်းတိုးသည့် လုပ်ငန်းများကို ရပ်ဆိုင်းထားသည်။ - အပြည့်အစုံသို့

ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ မြန်မာများ ရှုပ်ထွေးနေဆဲဟု သဘောထားစစ်တမ်းက ပြဆို
Mizzima | Apr 24 ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုမည့် ဆန္ဒခံယူပွဲ ကျင်းပရန် ရက်သတ္တ ၃ ပတ်ပင် မလိုတော့သည့် အချိန်တွင် မြန်မာနိုင်ငံသား အများစုကြီးမှာ မည်သို့ ဆန္ဒပြုရမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရှုပ်ထွေးနေဆဲ ရှိသည်။ ဤသို့ ဖြစ်နေသော်လည်း မြန်မာစစ်အစိုးရ၏ ထောက်ခံဆန္ဒမဲ ပေးကြရန် စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများမှာမူ အရှိန်ရလျက် ရှိသည်။
လာမည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ မဇ္ဈိမက ကျဘမ်း သဘောထားစစ်တမ်း တရပ် ကောက်ယူခဲ့ရာ ဖြေဆိုသူ အများစုက ဆန္ဒခံယူပွဲတွင် မည်သို့ မဲပေးရမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရှိသည်ဟု ဖြေကြားခဲ့ကြသည်။ - အပြည့်အစုံသို့

ဆန္ဒခံယူပွဲ၌ လွတ်လပ်စွာ သတင်းယူခွင့်ပေးရန် RSF နှင့် BMA တောင်းဆို
DVB | Apr 24 ဆန္ဒခံယူပွဲမတိုင်မီ လွတ်လပ်စွာ သတင်းရယူခွင့်ပေးဖို့ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းသမားများအဖွဲ့ (RSF) နဲ့ မြန်မာ့သတင်းသမဂ္ဂ (BMA) တို့က နအဖ စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ - အပြည့်အစုံသို့

ဆန္ဒခံယူပွဲ အကြိုမဲ ဘန်ကောက် မြန်မာသံရုံးမှာ စတင်ကောက်ခံ
VOA | Apr 22 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က မြန်မာသံရုံးမှာ စတင် ကြိုတင်မဲတွေ ကောက်ခံနေပါပြီ။ ဒါပေမယ့် ဒီကနေ့ ပထမ နေ့မှာတော့ မဲလာရောက်ပေးသူ အတော် နည်းပါးသေးတယ်လို့ သိရပါတယ်။ - အပြည့်အစုံသို့

စင်ကာပူရှိ မြန်မာသံရုံးမှ နှစ်ပေါက်တပေါက်ရိုက်ရန် ပြင်ဆင်နေပြီ
ko-htike.blogspot.com | Apr 22 မြန်မာနိုင်ငံသား ဖြစ်ရန် သက်တမ်းရှိသော မြန်မာ passport သာလိုပါသည်။ အခြား ထောက်ခံစာများ ပြမှ မဲပေးခွင့် ရှိမည်ဟု ပြောဆိုခြင်းသည် ဥပဒေကို သိလျှက်နှင် ပေါ်တင် ချိုးဖောက်ခြင်းသာဖြစ်သည်။ - အပြည့်အစုံသို့

ကြိုတင်ဆန္ဒမဲ ခံယူရန် မြန်မာသံရုံးများ စီစဉ်
RFA | Apr 22 စစ်အစိုးရရဲ့ အခြေခံဥပဒေမူကြမ်းအပေါ် ဆန္ဒခံယူပွဲ ပြုလုပ်ရာမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲပေးကြဖို့ မြန်မာနိုင်ငံသား အများစုရှိကြတဲ့ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား နဲ့ တောင်ကိုးရီးယား နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေက စီစဉ်ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ - အပြည့်အစုံသို့


ဗြိတိန်ရောက် မြန်မာကျောင်းသားအချို့နှင့် BBC အမေးအဖြေ
Apr 19 ညီလေး၊ ညီမလေးတို့က အဖြူလား၊ အမဲလား

“တိုင်းပြည် ဂျွမ်းထိုးမှောက်ခုံဖြစ်သွားမယ်” (သခင်ချန်ထွန်းနှင့် ဆက်သွယ်မေးမြန်းချက်)
Mizzima | Apr 18 တပ်မတော်ခေါင်းဆောင်တွေကို မေတ္တာ ရပ်ခံချင်တာကတော့ ဒီဟာကြီးကို လူထုက ပယ်ချလိုက်ရင် ဘာလုပ်မယ်ဆိုတာ မပါဘူး။
ဒီဟာအတွက် လုပ်ဖို့လုပ်ငန်းစဉ်ကို ဘဘ အနေနဲ့ အကြံဥာဏ်ပေးချင်တာကတော့ အားလုံး ပြည်သူလူထုက လက်မခံဘူး ပယ်ချလိုက်လို့ရှိရင် ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေ၊ ပြည်သူလူထု အားလုံးက ၈၂ ရာခိုင်းနှုန်းနဲ့ ထောက်ခံခဲ့တဲ့ NLD က ကိုယ်စားလှယ်တွေရယ်၊ လူမျိုးစုက ကိုယ်စားလှယ်တွေရယ် ခေါ်ပြီးတော့ ညွှန့်ပေါင်းအစိုးရ တပ်မတော်က ခေါင်းဆောင်ပြီးတော့ အစိုးရထဲမှာ ထည့်ဖွဲ့ပြီးတော့ ပယ်လိုက်တဲ့ အခြေခံ ဥပဒေတွေကို ဘာတွေ ပယ်ချင်တယ်၊ ဘာတွေ ဖြည့်စွက်ချင်တယ် ဆိုပြီးတော့ အပြန်အလှန် အပေးအယူနဲ့ သေသေခြာခြာ ဆွေးနွေးကြစေချင်တယ်။ - အပြည့်အစုံသို့

ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဆန္ဒခံယူပွဲဆိုင်ရာ ဆွေးနွေးခန်း
VOA | Apr 15 မြန်မာ့ဖွဲ့စည်းပုံ ဥပဒေရေးရာ ဆွေးနွေးပွဲကို မောင်စွမ်းရည် (ကဗျာဆရာ)၊ ဆလိုင်းထွန်းသန်း (ရေဇင်းတက္ကသိုလ် အငြိမ်းစား ပါမောက္ခ)၊ ဆရာတော် အရှင်နာယက (ကိုလမ်ဘီယာ တက္ကသိုလ်၊ ဧည့်ပါမောက္ခ)၊ ဦးဝင်းဖေ (ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီဆရာ) ပါဝင်ဆွေးနွေးကြပြီး ဗွီအိုအေမြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဦးကျော်ဇံသာ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်သည်။ - အပြည့်အစုံသို့

အခြေခံဥပဒေ လူထုဆန္ဒ ခံယူပွဲ၌ ပြည်သူတရပ်လုံး ကန့်ကွက်မဲပေးကြဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တိုက်တွန်း နှိုးဆော်
DVB | Apr 2 ဖွဲ့စည်းပုံ အခြေခံဥပဒေ လူထုဆန္ဒ ခံယူပွဲကို ကန့်ကွက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က အခုလို ရှင်းပြပါတယ်။
ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရေးဆွဲခဲ့ရခြင်း မဟုတ်တဲ့အတွက် တရားဝင်မှု မရှိဘူး။ ပြည်သူလူထုအားလုံး၊ သက်ဆိုင်သူအားလုံး အဆင့်ဆင့်နဲ့ ဆွေးနွေး ညှိနှိုင်းခြင်း မဟုတ်ဘဲနဲ့၊ တဘက်သတ် ကြေညာလာတဲ့အတွက် ပြည်သူလူထုဟာ မိမိတို့ရှေ့မှောက်ကို ရောက်လာတဲ့ တာဝန်ကို ဥပဒေဘောင် အတွင်းက ရဲရဲရင့်ရင့် သတ္တိပြကြဖို့ လိုအပ်ပါတယ်။
- အပြည့်အစုံသို့
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ ပန်ကြားချက် မိတ္တူကို ဤနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

ပြတ်ပြတ်သားသား ကန့်ကွက်မှ ဖြစ်ပါလိမ့်မယ် (ကိုအောင်ဒင် US Campaign For Burma)
ko-htike.blogspot.com | Mar 28 မကြာခင်ကျင်းပတော့မယ့် နအဖရဲ့ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများအတွင်း၊ ပြည်တွင်းမှာရော ပြည်ပ မှာပါ သဘောထား ၂ ရပ် ကွဲပြားနေတာ တွေ့ရပါတယ်။ တစုက ဒီဆန္ဒခံယူပွဲကို လုံးလုံးလျားလျား သပိတ်မှောက်ရေးဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်မဲမပေးကြဖို့ လှုံ့ဆော်နေကြပါတယ်။ နောက်တစုကတော့ ဒီဆန္ဒခံယူပွဲမှာ လူထုရဲ့အသဲကြားက မဲတပြားကို အကျိုးရှိရှိ အသုံးချဖို့ဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်ပြီး ကန့်ကွက်မဲပေးကြဖို့ လှုံ့ဆော်တိုက်တွန်းနေကြပါတယ်။... ... ...
ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဟာ ရွေးချယ်စရာနည်းလမ်း မဟုတ်တော့ဘူး။ ကျနော်တို့အားလုံး တညီတညာတည်း၊ တသံတည်းနဲ့ လူထုကို၊ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ တိုင်းရင်းသားတွေ၊ ကြံဖွံ့တွေ၊ အားလုံးသောလူထုကို ဆန္ဒခံယူပွဲမှာ မဲရုံကိုသွားပြီး ကန့်ကွက်မဲတွေပေးကြဖို့၊ ပြတ်ပြတ်သားသား လှုံ့ဆော်ကြပါစို့။ - အပြည့်အစုံသို့
Download this article in PDF

နအဖ ဖွဲ့စည်းပုံကို ဆန့်ကျင်မဲပေးရန် ၈၈-မျိုးဆက် ကျောင်းသားများက တိုက်တွန်း
DVB| Mar 14 နအဖ ဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲကို လူထုဆန္ဒပြပွဲအဖြစ် အသွင်ပြောင်းကြဖို့ ၈၈-မျိုးဆက် ကျောင်းသားများက ကြေညာချက် ထုတ်ပြန် တိုက်တွန်းပါတယ်။ - အပြည့်အစုံသို့


လူထုစိန်ဝင်း၏ ပြည်သူသို့ ပန်ကြားချက်
Mar 8 အဆိုပါ အသံဖိုင်တွင် အာဏာရှင်မှန်သမျှသည် အာဏာကို စွန့်လွတ်မှု မရှိကြောင်း၊ ကုလသမဂ္ဂက ကယ်တင်သဖြင့် လွတ်မြောက်သွားသည့် နိုင်ငံလည်း ကမ္ဘာတွင် မရှိခဲ့ကြောင်း၊ ထို့ကြောင့် ဒိုင်ယာလော့တို့၊ လုံခြုံရေးကောင်စီတို့ဖြင့် အချိန်မဖြုန်းသင့်ကြောင်း၊ ယခုအချိန်သည် တော်လှန်ရေးတရပ်လုံး အလှည့်အပြောင်း ဖြစ် နိုင်သည့် အချိန်ကာလဖြစ်ကြောင်း၊ ရွှေဝါရောင်တော်လှန်ရေးကြီးက ဖန်တီးပေးလိုက်သော ကြီးမားသည့် အရှိန်အဟုန် အခွင့်အရေးကို အမိအရအသုံးချကာ မြန်မာပြည်သူများ ပြည်သူ့ စွမ်းအားဖြင့် အာဏာရှင်စနစ်ကို ချေမှုန်းပစ်ကြရန်အတွက် လူထုဦးစိန်ဝင်းက တိုက်တွန်း ထားသည်။ - အပြည့်အစုံသို့

Copyright © 2008 [U2V]. All rights reserved.
Revised: 23/04/2008.